ခန့်မှန်းတာတွေရပ်ပြီး Data နဲ့ဆုံးဖြတ်ပါ

November 01, 2025

"ဒီလ ဘယ် Product က အရောင်းရဆုံးလဲ?" (မသိဘူး၊ ထင်တာကတော့ Product A ဖြစ်မယ်...)

"Customer တွေက ကျွန်တော်တို့ Page ကို ဘယ်ကနေ အများဆုံး ရောက်လာတာလဲ?" (ထင်တာကတော့ Facebook Ads ကနေနေမှာပါ...)

"Sales တွေကျနေတယ်၊ ဘာကြောင့်လဲ?" (မိုးရွာလို့ ဖြစ်မယ်...)

ဒီ "ထင်တာပဲ"၊ "ဖြစ်မယ်"၊ "လောက်တယ်" တွေက

သင့်လုပ်ငန်းရဲ့ တိုးတက်မှုကို အနှောင့်အယှက်ပေးနေတဲ့ အရာတွေပါ။

အောင်မြင်တဲ့ လုပ်ငန်းတွေက ခန့်မှန်းချက်နဲ့ အလုပ်မလုပ်ပါဘူး။

ခိုင်မာတဲ့ အချက်အလက် (Data) တွေပေါ်မှာ အခြေခံပြီး ဆုံးဖြတ်ချက်ချပါတယ်။


Data ကို အခြေခံ၍ ဆုံးဖြတ်ခြင်း က ဘာတွေ ကူညီပေးနိုင်သလဲ?

သင့်ရဲ့ Customer အစစ်အမှန်က ဘယ်သူလဲ၊ ဘာကိုကြိုက်လဲ၊

ဘယ်အချိန်မှာ ဝယ်လေ့ရှိလဲ ဆိုတာကို တိတိကျကျ သိစေပါတယ်။

ဘယ် Marketing နည်းလမ်းက တကယ်ထိရောက်လဲ သိတော့

ပိုက်ဆံနဲ့ အချိန်ကို မှန်ကန်တဲ့နေရာမှာ သုံးနိုင်ပါတယ်။

ဘယ်နေရာမှာ အားနည်းနေလဲ၊ ဘယ်နေရာက အခွင့်အလမ်းသစ်လဲ

ဆိုတာကို Data က ညွှန်ပြပေးနိုင်ပါတယ်။


IT ခေတ်မှာ "ထင်တာပဲ" ဆိုတာတွေ ရပ်ပြီး၊

"Data အရ" ဆိုတဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ ချသင့်ပါတယ်။


Profile picture

Written by Yannainglin who lives and works in Mawlamyine building nothing. Facebook Profile

© 2025, Yan Naing Lin